မြန်အောင် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးတွင် ယမန်နေ့နံနက်က စားသောက်ကုန်လုပ်ငန်းသုံးဆီများကို သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
စားသောက်ကုန်လုပ်ငန်းသုံးဆီ သတ်မှတ်ရည်ညွှန်းစျေး တစ်ပိဿာ ၉၆၀၀ ကျပ် စျေးနှုန်းဖြင့် (၇၁၅၀)ပိဿာရောင်းချပေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးဦး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်ဝင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦးတို့က ဆီရရှိမှုနှင့် ခွဲဝေဖြန့်ဖြူးပေးမည့်အခြေအနေများကို ရှင်းလင်းပြောကြား၍ ရောင်းချနေမှုအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ်(မြန်အောင်)