ကျိုက်လတ်မြို့နယ်၌ ကျေးရွာများအရောက် စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကျိုက်လတ် စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ မိဘပြည်သူများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယမန်နေ့ နေ့လယ်ပိုင်းက ကျေးရွာများအရောက် စားသုံးဆီများ သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စားသုံးဆီရောင်းချရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းနှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှကြီးမှူး၍ အောင်သပြေခိုင်ကုမ္ပဏီမှဖြန့်ဖြူးသည့် စားသုံးဆီ (၁)ပိဿာလျှင် (၇၂၁၇)ကျပ်နှုန်းဖြင့် ထင်းကွင်းကျေးရွာနှင့် ကလပ်ရပ်ကျေးရွာရှိ မိဘပြည်သူများအား စားသုံးဆီဖူလုံစေရေးအတွက်  ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ကျိုက်လတ်မြို့နယ်ဆီကုန်သည်ကြီးများအသင်းနှင့် ဆီလုပ်ငန်းရှင်များပူးပေါင်း၍ သတ်မှတ်ရက်များအလိုက် မြို့ပေါ်ရပ်ကွက်ကြီးများနှင့် ကျေးရွာများတွင်လည်း အခြေခံလူတန်းစားများ စားသုံးဆီကို ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရန် လှည့်လည်၍ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်