သဲကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

သဲကုန်း စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်ဝန်ထမ်းစာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)၌ ဆောင်ရွက်ခဲ့သည်။ 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မသန်းစိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သဲကုန်းမြို့နယ်အနေဖြင့် ယခင်နှစ်ကထပ်ပို၍ အောင်ချက်မြင့်မားရေး ကြိုးစားဆောင်ရွက်ကြရန်၊ မြို့နယ်၏ ပညာရေးအဆင့်အတန်းကို ပိုမိုမြင့်မားရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ဆရာ/ ဆရာမများအနေဖြင့် မိမိတို့၏ ဘာသာရပ်အလိုက် တစ်ဦးနှင့်တစ်ဦး အတွေ့အကြုံများကိုဖလှယ်၍ တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးကြရန်၊ ဘာသာရပ်မေးခွန်းပုံစံနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရန်​ ပြောကြားခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ​ကြီး၊ ဆရာမ​ကြီးများ၊ ဆရာ/ဆရာမများက မိမိတို့၏ဘာသာရပ်များအလိုက် အသီးသီးဆွေးနွေးတင်​ပြခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)