ချောက် စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရွှေပုံတောင်ရပ် ရန်အောင်မြင်စေတီတော်မြတ်ကြီး၏ (၅၂၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဘဒ္ဒန္တကေသဝအမှူးပြုသော ပင့်သံဃာ (၃၉၅)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲဆပ်ကပ်လှူဒါန်းပွဲကို ယမန်နေ့က ရန်အောင်မြင်စေတီတော် မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲဆပ်ကပ်လှူဒါန်းပွဲတွင် ချောက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ စိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းမိသားစုများ၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများက သံဃာ (၃၉၅)ပါးအား လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆပ်ကပ်လောင်းလှူခဲ့ကြသည်။
သံဃာတော်များအား လှူဖွယ်ပစ္စည်းများအဖြစ် ဆွမ်း၊ ဆန်၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ဆပ်ပြာနှင့် သံဃာ့အသုံးအဆောင်လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ၊ စာရေးတံမဲများ ဆပ်ကပ်လှူဒါန်းရာ စုစုပေါင်းကာလတန်ဖိုးငွေကျပ် (၅၀၀)သိန်းခန့် ဆက်ကပ်လှူဒါန်းနိုင်ခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားတော်နာယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)