ကျိုက်လတ် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းနှင့် ဝန်ထမ်းများက ပညာရတနာဇီဇဝါကိုယ်ပိုင်အထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေးအတွက်တပ်ဆင်ထားသော မီးငြှိမ်းသတ်ရေးပစ္စည်းများအား လက်တွေ့အသုံးပြုနိုင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ စာသင်ကျောင်းတွင် သွယ်တန်းအသုံးပြုနေသော လျှပ်စစ်ဝါယာကြိုးများအား အရည်အသွေးပြည့်မီသော ပစ္စည်းများသာအသုံးပြုရန်၊ မီးသတ်ဦးစီးဌာနမှအကြံပြုလမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ရန်နှင့် ကျိုက်လတ်မြို့နယ်မီးသတ်ဦးစီးမှူးရုံးနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများအား ဇာတ်တိုက်လေ့ကျင့်မှုများ ပူးပေါင်းဆောင်ရွက်သွားရန် အကြံပြုလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်