စစ်ကိုင်းမြို့တွင် ငလျင်ဘေးသင့်ဘုရား၊ စေတီ၊ ပုထိုးများ၊ သီလရှင်ကျောင်းတိုက်များသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှအလှူငွေနှင့် ထောက်ပံ့ပစ္စည်းများလှူဒါန်း

စစ်ကိုင်း စက်တင်ဘာ ၇

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီသီစိုးနှင့် ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ သီတဂူဝိပသနာအကယ်ဒမီကျောင်းသို့သွားရောက်၍ သီတဂူဆရာ တော်ဘုရာကြီးအား ဖူးမြှော်ကြည်ညိုကာ အလှူငွေများလှူဒါန်းခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့်အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ရာဇမဏိစူဠာကောင်းမှုတော်ဘုရား၊ ဆွမ်းဦးပုညရှင်ဘုရားများသို့သွားရောက်၍ အလှူငွေများလှူဒါန်းခဲ့ပြီး ရှင်းလင်းရေးဆောင်ရွက်နေကြသော တပ်မတော်သားများအား အချိုရည်နှင့်မုန့်များပေးအပ်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့်အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့ပေါ်ရှိ ပညာမဏ္ဍိုင်သီလရှင်ကျောင်း၊ အောင်မြင့်မိုရ်မှန်ချို သီလရှင်ကျောင်း၊ သာသနာ့ရက္ခိတသီလရှင်ကျောင်း၊ ရတနာသိင်္ဂီမှန်ချိုသီလရှင်ကျောင်းတိုက်များသို့သွားရောက်၍ အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများ လှူဒါန်းခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာသက်သက်ဇင်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းမျက်မမြင်ကျောင်းသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် စိတ်ထိခိုက်ဒဏ်ရာရရှိသွားသည့် ကျောင်းသား၊ ကျောင်းသူများအား အားပေးနှစ်သိမ့်စကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

နေလင်းအောင်(ပြန်/ဆက်)