ကန့်ဘလူမြို့နယ်၌ ဆောင်းနှမ်းပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲပြုလုပ်

ကန့်ဘလူ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ဆောင်းနှမ်းပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုး နည်းစနစ်ကွင်းသရုပ်ပြပွဲကို စက်တင်ဘာ ၇ ရက် နံနက် ၈ နာရီက ကန့်ဘလူမြို့ အမှတ်(၁)ရပ်ကွက် ကွင်းအမှတ်(၅၆၅)၊ ဦးပိုင်အမှတ်(၁၈) တောင်သူဦးအုံးကျော်၏ ယာမြေ ၅ ဧက စိုက်ပျိုးမြေ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲတွင် ကန့်ဘလူခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်လှကြိုင်က နှမ်းပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာရမည့်အချက်များကိုရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့်တောင်သူများ၏ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးသည်။ ယင်းကွင်းသရုပ်ပြပွဲသို့ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဝန်ထမ်း ၁၆ ဦး၊ တောင်သူ ၂၆ ဦး စုစုပေါင်း ၄၂ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကန့်ဘလူခရိုင်တွင် ဆောင်းသီးနှံစုံ ၄၀၉၆၇၇ ဧကလျာထားပြီး ဆီထွက်သီးနှံ ၃၅၂၃၄၁ ဧကအနက် ဆောင်းနှမ်း ၁၁၀၇၄၉ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် လျာထားဧကပြည့်မီကျော်လွန်စေရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများ၊ ဒေသခံတောင်သူများဖြင့် ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)