ဟင်္သာတ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအစီအစဥ်အနေဖြင့် စက်တင်ဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်ဦးဆောင်၍ ခရိုင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ဟင်္သာတမြို့ ကနောင်စုရပ်ကွက်ရှိ ဘိုးဘွားရိပ်သာတွင် အဘိုး (၈) ဦး၊ အဘွား (၂၉) ဦး၊ စုစုပေါင်း (၃၇)ဦးတို့အား နှလုံး၊ သွေးတိုးနှင့် ဆီးချိုရောဂါများ အခမဲ့စစ်ဆေးကုသခြင်း၊ သွားကျန်းမာရေးစစ်ဆေးကုသခြင်းများဆောင်ရွက်ခဲ့ပြီး Chair Exercise လေ့ကျင့်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)