သာပေါင်း စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ သာသနာနှစ်-၂၅၆၉၊ သက္ကရာဇ်-၁၃၈၇ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်၊ တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်)နေ့၌ ဘုရားကျောင်းကန်များ၌ ကုသိုလ်ကောင်းမှုပြုလုပ်ကြကာ တရားဘာဝနာများ ကြိုးစားအားထုတ်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
ယနေ့ တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့)၌ ဗုဒ္ဒဘာသာဝင်အပေါင်းတို့သည် မြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဥပုသ်သီလဆောက်တည်လှူဒါန်းခြင်း၊ တရားဘာဝနာများပွားများ ကြိုးစားအားထုတ်ခြင်း၊ ဝတ်ရွတ်အသင်းများက ပရိတ်တရားများ ရွတ်ဖတ်ပူဇော် ကုသိုလ်ကောင်းမှုပြုကြလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး