စလင်း စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ပုထိုးဖြူရပ်ကွက် ငွေတောင်ဦးကျောင်း ဒို့မေတ္တာ(အခမဲ့)ကုသိုလ် (၈)မျိုးကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ ယနေ့နံနက်ပိုင်းမှစတင်ကာ ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူပြည်သူများအားဆေးကုသပေးကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးချို့တဲ့သူများအား စေတနာဆရာဝန်များ တိုင်းရင်းဆေးဆရာ၊ အကြောပြင်ဆရာနှင့် ဆေးဝါးကျွမ်းကျင်စေတနာရှင် (၃၅) ဦးတို့ စုပေါင်း၍ အခမဲ့ကုသပေးရာ ယနေ့နံနက်ပိုင်းတွင် လာရောက်ဆေးကုသမှုခံယူသူ ၃၀၀ကျော်ရှိကြောင်း သိရသည်။
အဆိုပါဆေးခန်းအား စတင်တည်ထောင်သည့်နေ့မှစ၍ ပြည်သူထည့်ဝင်လှူဒါန်းမှုများဖြင့် ကုသပေးကြောင်း ဒို့မေတ္တာ (အခမဲ့) ဆေးခန်းမှ သိရသည်။
မောင်လွင် (စလင်း)