အိမ်မဲမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အိမ်မဲ စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက ရွေးကောက်ပွဲကျင်းပမည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး အမှာစကားပြောကြားကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အတွင်းရေးမှူး ဒေါ်ခိုင်ဆွေသက်တို့က ရွေးကောက်ပွဲ အပိုင်းလိုက်ဆောင်ရွက်မည့်အခြေအနေများ၊ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ၊ မဲဆန္ဒရှင်စာရင်းကပ်မည့် အခြေအနေများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးဝင်းဇော်မိုးက လုံခြုံရေးဆိုင်ရာများကို ရှင်းလင်းဆွေး နွေးပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)