တမူးခရိုင် ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တမူး စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန့်ရှင်းရေးဆောင်ရွက်ရာတွင် ဆေးရုံဝန်းအတွင်းနှင့် အပြင်ရှိ အမှိုက်များ ရှင်းလင်းခြင်း ပေါင်းမြက်များ ခုတ်ထွင်ခြင်း၊ အဆောက်အဦးနှင့် မလွတ်ကင်းသည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ ရှင်းလင်းခြင်းတို့ကို ဌာနဆိုင်ရာအင်အား(၁၆၅)ဦးတို့ဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အမှိုက်များအား စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်များဖြင့် သယ်ဆောင်ကာ စနစ်တကျစွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ခရိုင်စီမံခန့်ခွဲ‌‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုနှင့်အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီးအလားတူ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုများအား အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူရ