စေတုတ္တရာ စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့မြို့၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီက အ-ထ-က-စေတုတ္တရာကျောင်းတွင် ကျင်းပပြုလုပ်ည်။
အဆိုပါကျောင်းတွင်းပြိုင်ပွဲ၌ စာစီစာကုံးပြိုင်ပွဲအထက်တန်းအဆင့်တွင် ဆရာ့ဂုဏ်ရည်ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၃) ဦး၊ အလယ်တန်းအဆင့်တွင် မြတ်ဆရာခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၁) ဦးနှင့် ကဗျာပြိုင်ပွဲအထက်တန်းအဆင့်တွင် ပညာပြည့်ဝနှလုံးလှခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၃) ဦး၊ အလယ်တန်းအဆင့်တွင် ထာဝရအလင်းရှင် ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၁) ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၂၈) ဦး ဖြေဆိုယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)