ပြည် စက်တင်ဘာ ၆
ပြည်တက္ကသိုလ်၌ ယမန်နေ့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားပြုလုပ်ရာ ယင်းတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံအရာရှိများနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဘာသာရပ်ပေါင်းစုံမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း ၇၀၀ ခန့်တက်ရောက်ကြသည်။
ဦးစွာ ပြည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်ထက်ထက်အောင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများနှင့် အသုံးပြုနည်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲပေးခြင်းကို တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြပြီး ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)