ကော့သောင်းမြို့တွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ ဆုချီးမြှင့်

ကော့သောင်း စက်တင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး( ခရိုင်အဆင့်) ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့အခြေချကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အကဲဖြတ်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် ပြိုင်ပွဲဝင် အနုပညာရှင်များ၊ အုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် (၁၀-၁၅)အဆင့် ကာလပေါ် အဆိုပြိုင်ပွဲဝင် မဘိုနီဖြိုးမှ သီဆိုဖျော်ဖြေ၍  (၁ဝ-၁၅)အဆင့် အမျိုးသား(ကာလပေါ်)အဆိုပြိုင်ပွဲတွင် ဂုဏ်ပြုဆု ရရှိသူ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်းမှ မောင်အင်ကြင်းဇော်၊ (၁၀-၁၅)အဆင့် အမျိုးသမီး (ကာလပေါ်)အဆိုပြိုင်ပွဲတွင် ဂုဏ်ပြုဆု ရရှိသူ မူလွန်(၂)မိုင်ကျောင်းမှ မဘိုနီဖြိုး၊ (၁၀-၁၅)အဆင့် အမျိုးသမီးအကပြိုင်ပွဲတွင် ဂုဏ်ပြုဆုရရှိသူ အ.ထ.က (ခွဲ)အ.လ.က(၄)ကျောင်းမှ မစစ်လွန်းဝတီဦး၊(၁၀-၁၅)အဆင့် အမျိုးသား အကပြိုင်ပွဲတွင် ဂုဏ်ပြုဆုရရှိသူ အ.လ.က (ခွဲ)သီရိမြိုင်ကျောင်းမှ မောင်ဇော်မြတ်သူ၊(၁ဝ-၁၅)အဆင့် အမျိုးသား(စန္ဒယား)အတီးပြိုင်ပွဲတွင် ဂုဏ်ပြုဆု ရရှိသူ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်းမှ မောင်ကောင်းထက်ကာရံ၊ (၁ဝ-၁၅)အဆင့် အမျိုးသမီး(စန္ဒယား)အတီးပြိုင်ပွဲတွင် ဂုဏ်ပြုဆု ရရှိသူ အ.ထ.က(၂)ကျောင်းမှ မယုသန္တာဦး၊ (၁၀-၁၅)အဆင့် အမျိုးသား(စောင်း)အတီးပြိုင်ပွဲတွင် ဂုဏ်ပြုဆုရရှိသူ အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းမှ မောင်စိုင်းမောင်ခန့်၊ (၁ဝ-၁၅)အဆင့် အမျိုးသမီး(စောင်း) အတီးပြိုင်ပွဲတွင် ဂုဏ်ပြုဆုရရှိသူ အ.ထ.က(ခွဲ)(၇)မိုင်ကျောင်းမှ မမြတ်ဆုသာ၊ (၁၅-၂ဝ)အဆင့် အမျိုးသား(ကာလပေါ်)အဆိုပြိုင်ပွဲတွင် ဂုဏ်ပြုဆု ရရှိသူ အ.ထ.က(၃)ကျောင်းမှ မောင်သော်သော်မင်း၊ (၁၅-၂ဝ)အဆင့် အမျိုးသား (စောင်း)အတီးပြိုင်ပွဲတွင် ဂုဏ်ပြုဆုရရှိသူ အ.ထ.က(ခွဲ) အ.လ.က(၂) ကျောင်းမှ မောင်မင်းခန့်၊(၁၅-၂ဝ)အဆင့် အမျိုးသမီး(စောင်း) အတီးပြိုင်ပွဲတွင် ဂုဏ်ပြုဆုရရှိသူ အ.ထ.က(ခွဲ)အ.လ.က(၂) ကျောင်းမှ မအိအိငြိမ်းတို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။

ယင်းနောက် (၁ဝ-၁၅)အဆင့် အက ပြိုင်ပွဲဝင် မောင်ဇော်မြတ်သူနှင့် (၁၅-၂ဝ)အဆင့် အက ပြိုင်ပွဲဝင် မရွှေသဇင်တို့ ကပြဖျော်ဖြေ၍ တာဝန်ရှိသူများက (၁၅-၂ဝ)အဆင့် အမျိုးသားအကပြိုင်ပွဲတွင်နှစ်သိမ့်ဆုရရှိသူ မေတ္တာစိုးကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်ဇွဲထက်မြက်ရှိုင်း၊ (၁၅-၂ဝ) အဆင့် အမျိုးသား အကပြိုင်ပွဲတွင် တတိယဆုရရှိသူ မောင်ဖိုးချစ်တို့အား ဂုဏ်ပြုဆုများချီးမြှင့်၍ အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ယင်းနောက် (၁၅-၂၀)အဆင့် အမျိုးသမီး(ကာလပေါ်)အဆိုပြိုင်ပွဲတွင် ဒုတိယဆု ရရှိသူအ.ထ.က(ခွဲ) အ.လ.က (၂)ကျောင်းမှ မရွှေသဇင်၊ (၁၅-၂ဝ)အဆင့် အမျိုးသား အကပြိုင်ပွဲတွင် ဒုတိယဆုရရှိသူ မေတ္တာစိုးကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်အောင်ဘိုဘိုဟိန်း၊(၁၅-၂ဝ)အဆင့် အမျိုးသမီး အက ပြိုင်ပွဲတွင် ဒုတိယဆုရရှိသူ အ.ထ.က(ခွဲ)အ.လ.က(၄) ကျောင်းမှ မဝင်းသန္တာစိုးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။

ယင်းနောက် (၁ဝ-၁၅)အဆင့် စန္ဒယားအတီး ပြိုင်ပွဲဝင် မသန္တာဦး၊ (၁၅-၂၀)အဆင့် စောင်းအတီး ပြိုင်ပွဲဝင် မောင်မင်းခန့်မှ တူရိယာများဖြင့် တီးခတ်ဖျော်ဖြေ၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်နိုင်မှ (၁၅-၂၀)အဆင့် အမျိုးသမီး(ကာလပေါ်)အဆိုပြိုင်ပွဲတွင် ပထမဆု ရရှိသူ အထက(၃)ကျောင်းမှ မထက်ထက်ဝေအားလည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးရဲမြတ်တင့်မှ (၁၅-၂၀) အဆင့် အမျိုးသား အကပြိုင်ပွဲတွင် ပထမဆုရရှိသူ အ.ထ.က(ခွဲ)အ.လ.က(၄)ကျောင်းမှ မောင်သူရိန်ဇော်အားလည်းကောင်း၊ စစ်ဗျူဟာအဖွဲ့(အခြေချ) (ကော့သောင်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်မှ (၁၅-၂၀) အဆင့် အမျိုးသမီး အကပြိုင်ပွဲတွင် ပထမဆုရရှိသူ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်းမှ မရွှေသဇင်အား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ဆုချီးမြှင့်ပွဲအပြီးတွင် တာဝန်ရှိသူများက ဆုရပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)