ကျောက်တံခါးမြို့နယ်တွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ကျောက်တံခါး  စက်တင်ဘာ  ၆

ပဲခူးတိုင်း‌ဒေသကြီး ၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်သောရောဂါများဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းကို  မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင်  ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တံခါး မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှူး ဒေါက်တာစည်သူစန်း ဦးဆောင်သော ကွင်းဆင်းကြီးကြပ်အဖွဲ့မှ ကလေးငယ်ပေါင်း (၁၇၀၃) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၆၆၉) ဦးတို့အား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ကာကွယ်ဆေးများအကြောင်း ကျန်းမာရေးပညာပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)