သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ​မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

သဲကုန်း စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄ခုနှစ်  အောက်တိုဘာလ (၅) ရက်နေ့ တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း)တွင် ကျင်းပခဲ့သည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့အား မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိ ဆရာ၊ ဆရာမများက ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရမှ အထက်တန်းအဆင့် (၂၂)ဦး၊ အလယ်တန်းအဆင့် (၃၁)ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၅၃) မှစာစီစာကုံးတွင် ဆရာ့ဂုဏ်ရည်၊  မြတ်ဆရာ ခေါင်းစဥ်​ဖြင့်လည်းကောင်း၊ ကဗျာတွင် ပညာ​​ပြည့်ဝ နှလုံးလှ၊ ထာဝရရှင်  ခေါင်းစဥ်များဖြင့် ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)