နတ်မောက်မြို့နယ် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

နတ်မောက် စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စက်တင်ဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်ကွင်းဆင်း စစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ရုံးဝန်ထမ်းများက မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ရေစုကန်များအတွင်း ရေအပြည့်ဖြည့်တင်းထားရှိမှုရှိ/ မရှိ၊ မီးသတ်ရေငုတ်များ ကောင်းမွန်မှုရှိ/ မရှိ၊ မီးချိတ်၊ မီးကပ်များကောင်းမွန်မှု ရှိ/မရှိ၊ ဈေးဆိုင်ခန်းများတွင် ခြင်ဆေးခွေများ မီးထွန်းညှိခြင်း၊ ဘုရားမီးပူဇော်ရာတွင် ဖယောင်းတိုင်မီး၊ အမွှေးတိုင်မီးများ ထွန်းညှိထားခြင်းရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခြင်းနှင့် ဈေးဆိုင်တွင် ဈေးရောင်းချနေသည့် ဈေးသူ/ဈေးသားများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း