မြောင်းမြ စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်မည့်သူများအား ယမန်နေ့နံနက်ပိုင်းက တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် ပုသိမ်မြို့တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြောင်းမြခရိုင်အတွင်းမှ ပြိုင်ပွဲဝင်များနှင့် နည်းပြဆရာ၊ ဆရာမများအား မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တွေ့ဆုံအားပေးရာတွင် အာဟာဖြစ်စေရန်အတွက်မုန့်နှင့်စားစရာများပေးအပ်ခဲ့ပြီး လိုအပ်သည့်အကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဧရာဝတီတိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို စက်တင်ဘာလ (၆) ရက်နေ့၌ စတင်ကျင်းပသွားမည်ဖြစ်ကြာင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)