နန်းယွန်းမြို့တွင် ဌာနဆိုင်ရာ၀န်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

နန်းယွန်း စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ဌာနဆိုင်ရာ ၀န်ထမ်းများက အပတ်စဥ်တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီက အခြေခံပညာအထက်တန်းကျောင်းဝန်း၌ ဆောင်ရွက်သည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို မြို့နယ်စီမခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာတင်ဦးနှင့်အဖွဲ့၀င်များက အနီးကပ်ကြီးကြပ်၍ မြို့မရပ်ကွက်ရှိ မြို့နယ်အခြေခံပညာအထက်တန်းကျောင်းဝန်းပတ်လည်အတွင်း ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ အမှိုက်များကင်းစင်ရေးအတွက် မြက်ပင်ခြုံနွယ်များ ခုတ်ထွင်းရှင်းလင်းခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာ၀န်ထမ်းများက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)