မြန်အောင်မြို့နယ် သပြေကုန်းတိုက်နယ်အတွင်း စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချပေး

မြန်အောင် စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ သပြေကုန်းတိုက်နယ်အတွင်း၌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ယမန်နေ့နံနက်က စားအုန်းဆီများကို သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချပေးခဲ့ကြောင်းသိရသည်။

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း သပြေကုန်းတိုက်နယ် ဆီကိုယ်စားလှယ်မှ စားအုန်းဆီ တစ်ပိဿာ (၇၄၀၀) ကျပ်နှုန်းဖြင့် စားအုန်းဆီ (၂၈၆၀)ပိဿာအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချပေးနေမှုကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး အရောင်းကိုယ်စားလှယ်များအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် တစ်လတစ်ပိဿာ ရောင်းချပေးရန်နှင့် အလေးချိန်မှန်ကန်စွာ ရောင်းချရန် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)