ကျုံပျော် စက်တင်ဘာ ၅
ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးလုံခြုံရေးအတွက် လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထို့သို့ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဝင်းထွဋ်ကျော် ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များက တေဇရပ်ကွက်မြေရဲမြောက်ရှိ မြတ်စက်သုံးဆီအရောင်းဆိုင်ရှိ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများ၊ မီးသတိပေးစာတမ်းများ၊ မီးသတ်ဆေးဗူး၊ မီးသတ်စက်နှင့် အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်အသင့်အသုံးပြုနိုင်ခြင်းရှိ/မရှိနှင့် မီးဘေးလုံခြုံရေးစီမံချက် ရေးဆွဲထားရှိခြင်းများကို စစ်ဆေးခဲ့သည်။
ထို့နောက် မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက မီးသတ်ဆေးဗူး အသုံးပြုနည်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းများ ပူးပေါင်းကာလက်တွေ့ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)