ဇလွန် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်စိုးနှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်အိသဇင်အောင်တို့က ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်များ၊ မြန်မာအီလက် ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်း ဆိုင်ရာလုပ်ငန်းများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွ အဆင့်ဆင့်၏ ဖွဲ့စည်းပုံ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲအကြောင်းအရာများကို Power Pointဖြင့် ရှင်းလင်းပြောကြားခဲ့သည်။သင်တန်းကို (၅.၉.၂၀၂၅)ရက်နေ့မှ(၇.၉.၂၀၂၅)ရက်နေ့အထိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များအား သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ
ဇလွန် (ပြန်/ဆက်)