ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ‌ဦးအောင်မြင့်လွင် သာယာဝတီမြို့၌ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေး

သာယာဝတီ စက်တင်ဘာ  ၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်သည် ယနေ့နေ့လယ်ပိုင်းက သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ တိုင်း‌/ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင်အဖွဲ့ဝင်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေး‌နွေးသည်။ 

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအားလုံး ဥပဒေနှင့်အညီ မဲပေးခွင့်ရရှိရေး၊ မဲပေးစက်ဆိုင်ရာသိမှတ်ဖွယ်ရာများနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးနည်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေး‌နွေးပြောကြားပြီး လိုအပ်သည်များ မှာကြားသည်။ 

ယင်းနောက် သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်အေးအေးမော်က ခရိုင်အတွင်း ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကို တင်ပြပြီး ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို‌ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)