နတ်မောက် စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်း/အပြင်ဘက် ကျူးကျော်၍ ဈေးရောင်းချမှု မရှိစေရေးနှင့် အများသုံးသန့်စင်ခန်းများသန့်ရှင်းမှုရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် မြို့မဈေးအတွင်း/အပြင်ဆိုင်ခန်းရှင်များအား ကျူးကျော်တည်ခင်းရောင်းချမှုမရှိစေရေး၊ ဆိုင်ခန်းရှင်များအနေဖြင့် ကျူးကျော်ခင်းကျင်းထားပါက မိမိတို့သတ်မှတ်နေရာများတွင်သာ ခင်းကျင်းရောင်းချနိုင်ရေး၊ ပျံကျဈေးရောင်းချမှုများအား စည်းကမ်းနှင့်အညီ စနစ်တကျ သတ်မှတ်ထားသည့် နေရာများတွင် ရောင်းချစေရေးနှင့် မိုးရာသီဖြစ်သည့်အတွက် စားသောက်ကုန်များအား ကျန်းမာရေးညီညွှတ်စွာ စနစ်တကျထုပ်ပိုးရောင်းချခြင်းများ ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဆိုင်ခန်းရှင်များနှင့် ပျံကျဈေးသည်များ စွန့်ပစ်ပစ္စည်းများအား စနစ်တကျ ဆောင်ရွက်ခြင်းရှိ/မရှိ၊ ဈေးရောင်း/ဈေးဝယ်မိဘပြည်သူများ အသုံးပြုလျက်ရှိသည့် အများသုံးသန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိမှုရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ၊ ဈေးတာဝန်ခံနှင့် အဖွဲ့ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မူမူစန်း