ဟင်္သာတ စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ခရိုင်၊ မြို့နယ်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတခရိုင် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီတာအောင်တို့လိုက်ပါလျက် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အမှတ် (၄) ရပ်ကွက်အတွင်း မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များက နေအိမ်များအရောက် ပုံစံ (၆၆/၆) ရှိ အသက် (၁၈) နှစ်အထက် လူဦးရေစာရင်း၊ အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစုအမှတ်စဉ်များကို နေရပ်လိပ်စာအတိုင်း နေထိုင်ခြင်းရှိ/မရှိ စာရင်းပြုစုခြင်း၊ သေဆုံးခြင်းစာရင်းများ အတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိနေထိုင်သူများ စာရင်းပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့အမှတ် (၅)ရပ်ကွက်၊ အင်းခဝါရပ်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ မြေပြင်လူဦးရေစာရင်း တိုင်ဆိုင်စစ်ဆေးမှု လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာအုပ်စု၊ မေရီလန်းကျေးရွာတွင် မြေပြင်လူဦးရေစာရင်း တိုင်ဆိုင်စစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်သည် ဟင်္သာတ ခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များတွင် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ် ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများအား “မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအလေးထား ဆောင်ရွက်သွားရန်” လမ်းညွှန်မှာကြားခဲ့ကြောင်းသိရ ပါသည်။
ဟင်္သာတ (ပြန်/ဆက်)