ဇလွန် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့်တာဝန်ရှိသူများသည် ယနေ့မွန်းတည့် ၁၂ နာရီတွင် မေရီလန်းကျေးရွာအုပ်စု မေရီလန်းကျေးရွာတွင် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့်တာဝန်ရှိသူများသည် မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးသို့ ရောက်ရှိပြီး ဘုရားကြီးအား ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပူဇော်၍ မေရီလန်းကျေးရွာအုပ်စု မေရီလန်းကျေးရွာတွင် မြေပြင်ကွင်းဆင်း၍ လူဦးရေ စာရင်းစစ်ဆေးမှုနှင့် ပြောင်းဝင်၊ ပြောင်းထွက်၊ သေဆုံး၊ သာသနာ့ဝင်၊ ထောင်ကျ စာရင်းများကွဲလွဲကျန်ရှိမှုမဖြစ်စေရေးအတွက် ပဥ္စမမူကြမ်းနှင့် Server ဖြင့် တိုက်ဆိုင်စစ်ဆေးပြီး စာရင်းမှန်ရရှိရေး ဆောင်ရွက်နေမှုအား ကြည့်ရှုကာ ပြည်သူများဖြင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်နိုင်ရေးလမ်းညွှန်မှာကြားခဲ့သည်။
ဝေယံ
ဇလွန်(ပြန်/ဆက်)