ကျုံပျော်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

ကျုံပျော် စက်တင်ဘာ ၅

၂၀၂၅ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ‌၌ ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်သည်။

ဦးစွာ အ.ထ.က (၁) ကျုံပျော် ကျောင်းသား၊ ကျောင်းသူများက ပညာရည်ချွန် ဆုနှင်းသဘင်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး၊ ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာဘာသာတွဲဖြင့် “တတိယ” ဆုရရှိသော အထက(ခွဲ) မန်းစက္ကူကျောင်းမှ မအေးချမ်းသူ၊ စတုတ္ထဆုရရှိသော အ.ထ.က (၁) ကျုံပျော်ကျောင်းမှမအိမြတ်နိုးနှင့် ၂၀၂၄ ခုနှစ် လူရည်ချွန် ရရှိကြသူများအပါအဝင် ၂၀၂၅ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော (၆) ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၄) ဘာသာ ဂုဏ်ထူးရှင် (၁၁) ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၄) ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၂၉)ဦး၊ စုစုပေါင်းဂုဏ်ထူးရှင် (၇၂) ဦးတို့အား ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အထက(၁) ကျုံပျော်ကျောင်းသား၊ကျောင်းသူများက ဘက်စုံပညာရည် ဒို့လှမ်းချီ သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားအား အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)