တမူး စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးရရှိသူများနှင့်ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသော ဆရာ/ဆရာမများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို စက်တင်ဘာလ (၄) ရက်နေ့ နံနက် (၉) နာရီအချိန်က အဆိုပါကျောင်းရှိ ကဘော်ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တာဝန်ခံ ခရိုင်ပညာရေးမှူး ဦးဝေလင်းအောင်က အမှာစကားပြောကြားပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုဆွေမှ ကျောင်းဖွံ့ဖြိုးတိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ (၄) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၅) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၄) ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၅) ဦးနှင့်ဂုဏ်ထူးရရှိ အောင်သင်ကြားပေးခဲ့သော ဆရာ/ဆရာမများအား တာဝန်ခံခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထက(၁)
ကျောင်းအုပ်ဆရာမကြီးတို့က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ခရိုင်/မြို့နယ် တာဝန်ခံပညာရေးမှူးများ၊ ကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆုရကျောင်းသား/ကျောင်းသူများနှင့်မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရတနာ
တမူးခရိုင် (ပြန်/ဆက်)