တမူးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တမူး စက်တင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ လ (၅) ရက်နေ့ နံနက် (၉) နာရီအချိန်က ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်ကအမှာစကားပြောကြားခဲ့ပြီး ဗိုလ်လုပွဲယှဉ်ပြိုင်မည့် ‌အသင်းနှစ်သင်းမှ အားကစားသမားများအား ကျောင်းသား/ကျောင်းသူများက ပန်းစည်းများဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာဗိုလ်လုပွဲစဉ်အဖြစ် ဗန္ဓုလဘောလုံးအသင်းနှင့် ဘုရင့်နောင် ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဗန္ဓုလဘောလုံးအသင်းမှ (၈ - ၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပွဲစဉ်တစ်လျောက် အကောင်းဆုံးအားကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းဆု၊ အလယ်တန်းဆု၊ရှေ့တန်းဆုရရှိသူများနှင့်ဒုတိယဆုရ ဘုရင့်နောင်ဘောလုံးအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုများ၊ ပထမဆုရ ဗန္ဓုလ ဘောလုံးအသင်းအား ဆုတံဆိပ်၊ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားတို့အား မြိ့နယ်စီမံခန့်ခွဲ‌‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်ဦးမြင့်ဦး၊ အ.ထ.က (၂) ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်နှင့်ဆရာ/ဆရာမများကဆုများ ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ (၁) ရက်နေ့မှစ၍   ပြိုင်ပွဲဝင် (၅) သင်းတို့ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ရတနာ

တမူးခရိုင် (ပြန်/ဆက်)