သရက်မြို့နယ် မုဉ္ဇလီကျေးရွာ၌ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးအခမ်းအနား ကျင်းပ

သရက် စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၊ မုံဉ္ဇလီကျေးရွာ၌ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက သရက်မြို့နယ် မုံဉ္ဇလီကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွင်း၌ ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်/ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူ (၇၀) ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးငွေဆန်းမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ဆီထွက်ဇုံ (၂) တာဝန်ခံ ဦးသိန်းနိုင်ဝင်းမှ မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး (မျိုး၊ မြေ၊ ရေ) နည်းဖြင့်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် AI နည်းပညာဖြင့် စိုက်ပျိုးနည်းပညာများရယူခြင်း၊ အသုံးပြုခြင်းများ ရှင်းလင်းခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ခရိုင်အဆင့် မြေ၊ မျိုး ပိုးတာဝန်ခံများမှ မိမိတို့ဆောင်ရွက်ရမည့်နည်းလမ်းများကို ပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။                        

ဇော်ထက်(သရက်)