စလင်းမြို့နယ် ရမှတ်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

စလင်း စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်အသိပညာပေဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ရမှတ်ကျေးရွာ၊ အာရုံခံဘုရားတန်ဆောင်းအတွင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို ပူးပေါင်းဆောင်ရွက်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးအေးလင်းက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေးများ၏ ကြိုတင်ပြင်ဆင်ရေးနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက မိမိသိရှိထားသည့် အသိပညာများကို လက်တွေ့အသုံးချအသုံးပြုကြရန် နည်းလမ်းများ သဘာဝဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းဝိုင်း ဝန်းဆောင်ရွက်တတ်စေရေး၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး သဘာဝဘေးအန္တရာယ် (၉) ဘေးရှိကြောင်း၊ မုန်တိုင်းဘေးအသိပညာပေးအကြောင်းအရာများ၊ ုန်တိုင်းနှင့်ပတ်သက်ပြီး အရောင် (၅) ရောင်ရှိကြောင်း၊ မိုးတွင်းကာလတွင် သတိထားနေထိုင်ကြရန် မိုးလေဝသသတိပေးအချက်အလက်များကို နားထောင်ကြပြီး၊ မိသားစုဝင်များနှင့် အနီးအနားရှိ ပြည်သူများအား အသိပေးကြရန်၊ ဘေးအန္တရာယ်ဖြစ်လာလျှင် ဘေးကင်းလုံခြုံသည့်နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် စသည့်သဘာဝဘေးအန္တရာယ် အသိပညာပေးအကြောင်းအရာများကို ဟောပြောဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်က စားသုံးသူရေးရာနှင့်ပတ်သက်သည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းအရာများနှင့် အစားအသောက်ကုန်စည် ရည်ညွှန်းအမှတ်တံဆိပ်များ စားသုံးသူပြည်သူများ သိသင့်သိထိုက်သည်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

သဘာဝဘေးအန္တရာယ်၊ အသိပညာပေးဟောပြောပွဲနှင့် စားသုံးသူအသိပညာပေးဟောပြောပွဲသို့ တက်ရောက်ကြသည့် ကျေးရွာနေပြည်သူများအား သဘာဝဘေးအန္တရာယ်၊ အသိပညာပေး၊ နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)