ကျောက်တံခါးမြို့နယ် အခြေခံပညာအထက်တန်း(ကျောက်တံခါး)တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်တံခါး စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၃ ရက်နေ့က အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်း ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသော်မွှန်းကိုက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် ပတ်သက်သော အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အ-ထ-က (ကျောက်တံခါး) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၆၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)