ဖောင်းပြင်မြို့တွင် မြို့နယ်ပညာရေးမှူးဖလား ကျောင်းအဆင့် ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဖောင်းပြင် စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား ကျောင်းအဆင့် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ၊ ဆုချီးမြှင့်ခြင်းအခမ်းအနားကို အ.ထ.က (ဖောင်းပြင်) ကျောင်းရှိ ဘောလုံးအားကစားကွင်း၌ ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် မူလွန်(ကျွန်းရွှေဝါ)အသင်းနှင့် အ.လ.က (ခွဲ) ကုန်းအောက်တောင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး အ.လ.က(ခွဲ) ကုန်းအောက်တောင်းအသင်းက ၆ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိကာ ပထမဆုအားဆွတ်ခူးခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်က အားကစားပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆုရအသင်းများ၊ နှစ်သိမ့်ဆုရအသင်းများနှင့် နေရာအလိုက်အကောင်းဆုံးဆုရရှိသည့် အားကစားသမားများအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြသည်။

အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲကို ဩဂုတ်လ ၂၅ရက်နေ့က စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အလယ်တန်းအဆင့် ကျောင်းသားအသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

 မြို့နယ် (ပြန်/ဆက်)