ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်အတွင်း လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေး

ညောင်တုန်း  စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် စက်တင်ဘာလ(၃)ရက်နေ့မွန်းလွဲပိုင်းက ညောင်တုန်းမြို့နယ်အတွင်းရှိ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအားကြည့်ရှုရာ ခရိုင်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ‌ ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူ‌ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးနေမှု၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပျက်စီး/ပျောက်ဆုံးသွားသည့် ပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများကိုပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ သယံဇာတရေးရာဝန်ကြီးက မဲဆန္ဒရှင်စာရင်များပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်ဆုံမှန်ကန်စေရေး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ‌ပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)