ဘုတ်ပြင်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲကျင်းပ

ဘုတ်ပြင်း  စက်တင်ဘာ  ၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီက အ-ထ-က-ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင်းပြိုင်ပွဲ၌ စာစီစာကုံးပြိုင်ပွဲအထက်တန်းအဆင့်တွင် ဆရာ့ဂုဏ်ရည်ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၁၃) ဦး၊ အလယ်တန်းအဆင့်တွင် မြတ်ဆရာခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၇)ဦးနှင့် ကဗျာပြိုင်ပွဲအထက်တန်းအဆင့်တွင် ပညာပြည့်ဝနှလုံးလှခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၁၀) ဦး၊ အလယ်တန်းအဆင့်တွင် ထာဝရအလင်းရှင် ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၄) ဦး၊  စုစုပေါင်းကျောင်းသားကျောင်းသူ (၃၄)ဦး ဖြေဆိုယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲသီးသီးတွင် ဆုရရှိသည့်ကျောင်းသားကျောင်းသူများကို ကျောင်းအစီအစဉ်ဖြင့် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘုတ်ပြင်း (ပြန်/ဆက်)