ကံမ ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့ ပြည်သူ့ဆေးရုံတွင် အထူးကြပ်မတ်ဆောင်၌ ဆေးကုသမှု ခံယူနေ ကြသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၄)ဦး ကျန်းမာရေးကောင်းမွန်၍ ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
အဆိုပါ ဆေးရုံမှဆင်းခွင့်ရသူများမှာ ဒီဇင်ဘာ(၁၂)ရက်နေ့က စတင်၍ ဆေးကုသမှု ခံယူခဲ့ကြခြင်းဖြစ်ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနလုပ်ငန်းများ၌ တင်ဒါအောင်ကုမ္ပဏီမှ အသက်(၁၉)နှစ်အရွယ် အမျိုးသား တစ်ဦး၊ရေနံ့သာတံတားတည်ဆောက်ရေးမှ အသက်(၂၆)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့်ဆည် မြောင်းလုပ်သား အမျိုးသားနှစ်ဦးတို့ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ဆေးရုံဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပြီး ဆေးရုံ ဆင်းပြီးနောက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သတ်၍ တိကျစွာ လိုက်နာကြရန်မှာ ကြားခဲ့ကြ ကြောင်း ကံမမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)