ပေါင်းတည် စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ ပြည်သူလူထုအ တွင်း ကင်ဆာရောဂါအသိပညာမြှင့်တင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက ကျောင်းအခြေပြုလှုပ်ရှားမှုများ ဆောင် ရွက်ခဲ့ကြသည်။
ထို့ပြင်ဆေးရုံအခြေပြု၊ ပြည်သူလူထုအခြေပြုနှင့် ကျေးလက်ကျန်းမာရေးဌာနအခြေပြုလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စက်တင် ဘာ ၁၅ ရက်နေ့တွင် ပေါင်းတည်မြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာနအားလုံးတွင် ကင်ဆာရောဂါအသိပညာမြှင့်တင်ရေးလှုပ်ရှားမှုများ တစ်ပြိုင်နက်ဆောင် ရွက်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရွှေသား