ပေါက်ခေါင်းမြို့နယ် ဘန့်ပြင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ပေါက်ခေါင်း စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုအနေအဖြစ် သွားကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဘန့်ပြင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက သွားကျန်းမာရေးနှင့် ပတ်သက်သော အကြောင်းအရာများကို ကျောင်းသားလူငယ်များအား အသိပညာပေးပြောကြားပြီး ကျောင်းသား၊ ကျောင်းသူလေးများအား မျက်စိအမြင်အာရုံစစ်ဆေးပေးခြင်း၊ သွားနှင့် ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်း၊ လက်သည်းခြေသည်းများ စစ်ဆေးပေးခြင်းနှင့် အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်းများအပြင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများအား ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား သွားတိုက်တံများ ပေးဝေခဲ့ကြောင်း သိရသည်။

ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုများကို ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လစဥ်သက်မှတ်ထားသောရက်များ၌ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)