ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်

ဟင်္သာတ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ နတ်မော်လမ်းရှိ ဟင်္သာတမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်ပွဲပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းဌေး၊ အတွင်းရေးမှူး ဒေါ်စန်းစန်းအေးနှင့် ဝန်ထမ်းများ၊ ဟင်္သာတမြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၂၀) ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အတွင်းရေးမှူးဒေါ်စန်းစန်းအေးက မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းတွင် ဆွေးနွေးမည့်အချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား ၄.၉.၂၀၂၅ ရက်နေ့မှ ၆.၉.၂၀၂၅ ရက်နေ့အထိ နည်းပြများအဖြစ် ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် အတွင်းရေးမှူး ဒေါ်စန်းစန်းအေးတို့မှ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများတွင် လိုက်နာဆောင်ရွက်ရန်အချက်များ၊ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်များနှင့် လိုက်နာရန်အချက်များ၊ မဲရုံစည်းကမ်းများ စသည့်တို့အား ရှင်းလင်းဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး ဟင်္သာတမြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ၏ အဖွဲ့ဝင်များမှ သင်တန်းသား /သူများအဖြစ် တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)