ညောင်လေးပင်မြို့၌ ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလားအသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ညောင်လေးပင် စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ ၂၀၂၅ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော အ.ထ.က(၁)ပြွန်တန်ဆာကျောင်းမှ ကျောင်းသူတစ်ဦးအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်မှလည်းကောင်း၊ ဒုတိယဆုရရှိခဲ့သော အ.ထ.က(၂)ညောင်လေးပင်ကျောင်းမှ ကျောင်းသူတစ်ဦးအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂) ဦးဇော်မင်းယုမှလည်းကောင်း၊ တတိယဆုရရှိခဲ့သော အ.ထ.က(၁)ညောင်လေးပင်ကျောင်းမှ ကျောင်းသူတစ်ဦးအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.ထ.က (ခွဲ) ညောင်လေးပင်နှင့် အ.ထ.က (၂) ပြွန်တန်ဆာကျောင်းအသင်းတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူအသီးသီးတို့မှ ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး၊ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းလူအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)