ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့မအူပင်ခရိုင်အတွင်း လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးနေမှုများအားကြည့်ရှုစစ်ဆေး

မအူပင် စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် မအူပင်ခရိုင်အတွင်းလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးနေမှုများအား ယမန်နေ့ မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တွေ့ဆုံကာ ရွေးကောက်ပွဲဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားသည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမြင့်နိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတိုးတိုးဝင်းတို့မှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နီစိုးမှ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးမှု၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ပျောက်ဆုံးသွားသည့် ပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေး သူများအား “ပန်းခင်း”စီမံချက်ဖြင့် ဆောင်ရွက်ပေးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် အိုင်းဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးမှု၊ အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ပျောက်ဆုံးသွားသည့် ပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများကို “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်ပေးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)