အုတ်တွင်း စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်း (တပ်နယ်) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် အခြေခံပညာအထက်တန်း(တပ်နယ်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုသက်နွယ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းနှင့် အ.ထ.က တပ်နယ်ကျောင်းမှ ဆရာမဒေါ်သီတာစိုးတို့က စေ့စပ်ညှိနှိုင်းသူများအဖြစ် ပါဝင်ဆောင်ရွက်ကြပြီး Grade-8 မှ ကျောင်းသူ မသက်သက်နိုင် က "လူငယ်နှင့်ကျန်းမာရေး"၊ Grade-10 မှ ကျောင်းသား/ ကျောင်းသူများ ဖြစ်ကြသော မလင်းလက်နိုင်က "လူငယ်နှင့် မူးယစ်ဆေး"၊ မနော်ခီးလာစေးက "လူငယ်နှင့် စာဖတ်ခြင်း"၊ စောကမာလေးလှက "လူငယ်နှင့် ပညာရေး"၊ မောင်ထူးအိမ်ခန့်က "လူငယ်နှင့် နည်းပညာ"၊ မောင် အောင်သူရက "လူငယ်နှင့်အားကစား” စသည့် ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများမှ သိရှိလိုသည့် အချက်များကို မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများမှပြန်လည် ဖြေကြားဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများ အားတာဝန်ရှိသူ အသီးသီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး၊ လူငယ်စကားဝိုင်းသို့ တက်ရောက်လာသူများမှ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)