အမာ စက်တင်ဘာလ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းကို အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာလ(၃)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဒါ်လှမြတ်မင်းက ဂျပန်ဦးနှောက်ရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပြီး ကျန်းမာရေးဌာနမှ ဆရာမများက အသက် ၁၁ နှစ်မှ အသက် ၁၄ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး အမာမြို့၊ အ.ထ.ကကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅၆) ဦး၊ အောင်ကုန်းကျေးရွာ၊ အ.မ.ကကျောင်းမှ (၁၉)ဦး၊ လေးပင်ချောင်ကျေးရွာ၊ အ.မ.ကကျောင်းမှ (၁၄)ဦး စုစုပေါင်း (၁၈၉)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အမာမြို့၊ အ.ထ.ကကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းနှင့် ဆရာ၊ ဆရာမများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)