စေတုတ္တရာ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများတွင် ဘောလုံးပြိုင်ပွဲ(ကျား/မ)၊ ဘောလီဘော(ကျား/မ)၊ မီတာ၁၀၀ ၊ ၂၀၀ အပြေးပြိုင်ပွဲ(ကျား/မ)၊ သံလုံးပြစ်၊ သံပြားပြစ်ပြိုင်ပွဲ (ကျား/မ)၊ အမြင့်ခုန်ပြိုင်ပွဲ(ကျား/မ)၊ ခြင်းခတ်ပြိုင်ပွဲများ ကျင်းပပေးပြုလုပ်ပေးခဲ့သည်။
အဆိုပါပြိုင်ပွဲများတွင် အနိုင်ရရှိသွားသော ကျောင်းသား/ ကျောင်းသူများအား ခရိုင်အဆင့် အားကားစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)