စလင်း စက်တင်ဘာ ၄
မကွေးတိုင်းတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး၊ မဲဆန္ဒရှင်ပြည်သူများရွေးကောက်ပွဲတွင် အသုံးပြုမည့်၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်း၊ အသိပညာပေးလုပ်ငန်းကို၊ ဌာနဆိုင်ရာများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ နံနက် ၉ နာရီနှင့် ၁၀ နာရီတို့တွင် နှစ်ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ထွေးတို့မှ မဲဆန္ဒရှင်ဝန်ထမ်းများအား၊ မြန်မာ့အီလက်ထရောနစ် (MEVM)မဲပေးစက် အသုံးပြုပုံနည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းမဲဆန္ဒရှင်ပြည်သူများမှ မဲပေးစက်အသုံးပြု၍ မဲပေးပုံစနစ်များအား လေ့လာခဲ့ပြီး လက်တွေ့စမ်းသပ်မဲပေးခြင်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)