ဝေါ စက်တင်ဘာ ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝေါမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတပေါများ ကြွယ်ဝစေရန်နှင့် ငါးထုတ်လုပ်မှုတိုးတက်စေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက ဝေါမြို့ ပဲခူး -စစ်တောင်းတူးမြောင်းတံတားအနီးတွင် ကျင်းပကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဆင့်တာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုကိုထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် ငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက ပဲခူးစစ်တောင်းတူးမြောင်းအတွင်း ငါးမြစ်ချင်းသားပေါက် အကောင်ရေတစ်သန်းနှင့် ငါးခုံးမကြီးကောင်ရေ တစ်သိန်းတို့ကို စုပေါင်းစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)