ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံအားပေး

ပဲခူး စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲဗလခန်းမ၌ နေ့နံနက်ပိုင်းက ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ့တော်၏ ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ချီးမြှောက်သည့်အနေဖြင့် ကျန်းမာရေးနှင့် စားဝတ်နေရေးတို့ကို ဘက်ပေါင်းစုံမှ အထူးအလေးထားဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီးနောက် ကျန်းမာရေးနှင့် ပတ်သက်၍ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင်အသက်ရှည်စွာ နေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှု မြို့နယ်(၂၈)မြို့နယ်ရှိ အထွေထွေရောဂါကုဆေးရုံကြီးများတွင် လစဉ်(၂၁)ရက်နေ့တိုင်း ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းအပြင် လစဉ်ဆေးဝါး()လစာကို အခမဲ့ထုတ်ပေးလျက်ရှိကြောင်း၊ စားဝတ်နေရေးနှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားအိမ်ရာများတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆန်၊ ဆီ၊ အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ရဲမှုထမ်းဟောင်းများသည် နိုင်ငံတော်ကာကွယ်ရေးအတွက် အရန်အင်အားတစ်ရပ်ဖြစ်ပြီး မိမိတို့၏ နိုင်ငံတော်နှင့် တပ်ဖွဲ့အပေါ် သစ္စာရှိစွာဖြင့် မိမိတို့၏ မြို့၊ ရပ်ရွာ လုံခြုံအေးချမ်းသာယာစေရေးလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ရဲမှုထမ်းဟောင်းမိသားစုဝင်များအတွက်လည်း လိုအပ်သည်များကို ဘက်ပေါင်းစုံမှ ဆက်လက်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရဲမှုထမ်းဟောင်းများအတွက် တစ်ဦးလျှင် အခြေခံစားသုံးကုန် ဆန်()အိတ်နှင့် ဆီ()ပိဿာကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ရဲမှုထမ်းဟောင်းမိသားစုရန်ပုံငွေအတွက် ငွေကျပ်သိန်း(၂၀)အား ပေးအပ်ချီးမြှင့်ခဲ့သည်။ 

ယင်းနောက် တက်ရောက်လာသည့် ရဲမှုထမ်းဟောင်းကိုယ်စား ရဲမှုထမ်းဟောင်းတစ်ဦးက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရဲမှုထမ်းဟောင်းမိသားစုဝင်များအတွက် အခြေခံစားသုံးကုန်များ ပေးအပ်ခဲ့မှုနှင့် မိသားစုဝင်များ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာ ဘက်ပေါင်းစုံချီးမြှင့်ပေးအပ်နေမှုတို့အပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များက မြို့နယ်အလိုက် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းထားရှိမှုနှင့် ရဲဝန်ထမ်းဟောင်းမိသားစုဝင်များ၏ သက်သာချောင်ချိရေးဆိုင်ရာကိစ္စရပ်များ တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာသည့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား တစ်ဦးချင်း လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကာ ရဲတပ်ဖွဲ့ဝင် မိသားစုများအတွက် အဝတ်အထည်များ ပေးအပ်းခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)