သဲကုန်းမြို့နယ်၌ ၂၀၂၅ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီအတွင်း မိုးသီးနှံ ၂၅၈၆၄ ဧက စိုက်ပျိုးမည်

သဲကုန်း စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း သီးနှံ ၂၅၈၆၄ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

သဲကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာမှ ဝန်ထမ်းများအနေဖြင့် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် GAP နည်းစနစ်ဖြင့် စိုက်ပျိုးရေးနည်းလမ်းများ၊ မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးစေခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည့် ဓာတုကင်းလွတ်သီးနှံရရှိရေး၊ သဘာဝမြေဩဇာ၊ သဘာဝအားဆေး၊ သဘာဝပိုးသတ်ဆေးပြုလုပ်အသုံးပြုနည်းများ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးနှင့် သိပ္ပံနည်းကျစိုက်နည်းစနစ်များ လိုက်နာကျင့်သုံးစေခြင်း၊ ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲစေခြင်း၊ ပိုးမွှားကျရောက်မှုကာကွယ်နှိမ်နင်းနည်း စသည့်စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကို ဟောပြာခြင်းလုပ်ငန်းများ ကွင်းဆင်း၍ အသိပညာပေးလျက်ရှိသည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၆၈၆၁ ဧက၊ နှမ်း ၆၂၉၇ ဧက၊ပဲမျိုးစုံ ၁၄၅၀ ဧက၊ ဝါ ၈၀၀ ဧက၊ ငရုတ်စို ၅၅၃ ဧက၊ ဟင်းသီးဟင်းရွက် ၉၈၂၇ ဧကနှင့် ပန်းအမျိုးမျိုး ၇၆ ဧက စုစုပေါင်း ၂၅၈၆၄ ဧက လျာထားစိုက်ပျိုးပြီးစီးပြီဖြစ်ရာ ဒေသခံတောင်သူများ ဝင်ငွေရရှိပြီး အလုပ်အကိုင်အခွင့်လမ်းများ ရရှိနေကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)