သရက်ချောင်း စက်တင်ဘာ 4
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များကြီးကြပ်မှုဖြင့် ဆေးဆိုင်များတွင်ဆေးလာဝယ်သူများအား တီဘီ သံသယလက္ခဏာများနှင့်ပတ်သက်၍ ဆေးရောင်းသူများက သတိပြုမိစေရန်နှင့် ဈေးဆိုင် များတွင် အိုင်အိုဒင်းဆားပါဝင်မှုနှုန်း ကွင်းဆင်းစစ်ဆေးခြင်းများကို စက်တင်ဘာ ၃ ရက်က မြို့ပေါ်ဆေးဆိုင်များ၊ မြို့နယ်စည်ပင်သာယာဈေးမှ ကုန်စုံဆိုင်များ၊ မြို့ပေါ်ကုန်စုံဆိုင်များ အား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စွမ်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆေးဆိုင်များတွင် ဆေးလာဝယ်သူများအား တီဘီသံသယလက္ခဏာများနှင့်ပတ်သက်၍ သတိပြုမိစေရန် ဆေးရောင်းသူများအား ဆေးဝယ်သူများမှ ရက်ရှည်ချောင်းဆိုးခြင်းများရှိနေပါက မြို့နယ်ဆေးရုံ/ကျန်းမာရေးဌာနသို့ ညွှန့်ပို့ပေးနိုင်ခြင်း အတွက် အသိပညာပေးခြင်းခဲ့ပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေးအတွက် မြို့နယ်စည်ပင်သာယာဈေးနှင့် ကုန်စုံဆိုင်များတွင် အိုင်အိုဒင်းဆားပါဝင်မှုနှုန်းစစ်ဆေးခြင်းကို မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)